၁။     သတင်းမီဒီယာဥပဒေ 
    
ပုဒ်မ ၂၅(ခ)   မည်သည့် သတင်းမီဒီယာသမားဆို  ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ) နှင့် ပုဒ်မခွဲ (ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ် တစ်ရပ်ရပ်ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ် သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ချမှတ်ရ မည်။
ပုဒ်မ ၉(ဃ)     သတင်းဓာတ်ပုံနှင့်အရုပ်အသံများဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ်အသုံးပြု၍   မလျှော် ကန် သောပြုပြင် ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း
ပုဒ်မ ၉(စ)      တစ်ပါးသူပိုင်သည့် ဥာဏဆိုင်ရာပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင် 
                   ကြဉ်ခြင်း
ပုဒ်မ ၉(ဆ)   အများပြည်သူ၏အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲအစည်းတစ်ခု၏ ဂုဏ်သိက္ခာကိုတမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေး ကိုထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊



၂။     နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ 

ပုဒ်မ ၈     မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိ ဘဲဖြစ်စေ-
(စ)    နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မ၀င်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကျော်ကြားမှုကိုပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်း ဖြင့် ဆောင်ရွက်ခြင်းမပြုရ၊
ပုဒ်မ ၁၀   မည်သူမဆို ပုဒ်မ ၇ ပါတားမြစ်ချက်ကိုသော်လည်းကောင်း၊ ပုဒ်မ ၈ ပါတားမြစ်ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံးသုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။

၃။     ပြစ်မှုဆိုင်ရာဥပဒေ

ပုဒ်မ  ၁၂၁          မည်သူမဆို-
         (က)      ပြည်ထောင်စု နိုင်ငံကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်တခုခုကိုဖြစ်စ၊ စက်မက်ပြိုင်ဆိုင်လျှင်၊
           သို့တည်းမဟုတ်
(ခ)        ပြည်ထောင်စုနိုင်ငံကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်တခုခုကိုဖြစ်စေ စက်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံတခုခုကို သော်၎င်း၊ လူတဦးဦးကိုသော်၎င်း ပြည်ထောင်စုအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေကူညီလျှင်၊ သို့တည်းမဟုတ် 
(ဂ)        ထိုသို့စစ်မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စုနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ လူတဦးဦးကို လှုံ့ဆောင်လျှင် သို့မဟုတ် လူတဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် သို့တည်းမဟုတ်
(ဃ)      ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုသော် ၎င်း လက်နက်ဖြင့်ဖြစ်စေ၊ အခြားသောင်းကျန်းသော နည်းလမ်း ဖြင့်ဖြစ်စေ ဖြိုဖျက်ရန် အားထုတ်လျှင်၊ သို့တည်းမဟုတ် ဖြိုဖျက်ရန်အခြားနည်းဖြင့် ပြင်ဆင် လျှင်၊ သို့တည်းမဟုတ် ထိုသို့အားထုတ်မှုတွင် ပါဝင် ဆောင်ရွက်လျှင်၊ သို့တည်းမဟုတ် ထိုသို့အားထုတ်မှုနှင့်ပတ်သက်လျှင်၊ သို့တည်းမဟုတ် ထိုသို့အားထုတ်မှု ကိုပြုရန် ဖြစ်စေ၊ ထိုသို့အားထုတ်မှုတွင်ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ ထိုသို့အားထုတ်မှုနှင့်ပတ်သက်ရန်ဖြစ်စေ ပြည်ထောင်စုနိုင်ငံအတွင်း၌သော်၎င်း၊ အပ၌သော်၎င်း၊ လူတဦးဦးကိုလှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် တဦးဦး နှင့်ပူးပေါင်းကြံစည်လျှင်
                      ထိုသူသည် နိုင်ငံတော် သစ္စာဖေါက်ဖျက် ပုန်ကန်မှုကြီိးကို ကျူးလွန်သည်။

ပုဒ်မ ၄၉၉           မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှား သောပုံသဏ္ဍန်ဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ အသရေကိုနစ်နာစေရန်အကြံဖြင့်သော်၎င်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ ၏ အသရေကို နစ်နာစေမည်ဟုသိလျက်နှင့်သော်၎င်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိ လျက်နှင့်သော်၎င်း၊ ထိုသူနှင့်စပ်လျဉ်းသောစွပ်စွဲချက်ကိုပြုလျှင်၊ သို့တည်းမဟုတ် ကြေညာ လျင်၊ ထိုသူသည်အောက်ပါကင်းလွတ်ချက်များမှတပါး၊ အဆိုပါလူ၏အသရေကို ဖျက်သည် မည်၏ ။
                                                                                    (ကင်းလွတ်ချက် ၁၀ ချက် ရှိသည်)

ပုဒ်မ ၅၀၀ မည်သူမဆို၊ အခြားသူ တဦး၏ အသရေကိုဖျက်လျင်၊ ထိုသူကို နှစ်နှစ်ထိအလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ပုဒ်မ ၅၀၅    မည်သူမဆို၊ ဖေါ်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေပြုလုပ်ရာတွင်၊ သို့တည်း မဟုတ် ထုတ်ပြန်ကျေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချီရာတွင်-
(က) ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှအရာရှိအား၊ သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်၎င်း၊ သက်ဆိုင်ရာမိမိ၏တာဝန်ဝတ္တရားကို မလေး စားခြင်းသော်၎င်း၊ ပျက်ကွက်ခြင်း သော်၎င်း၊ ပြုစေရန်အကြံရှိလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့်အကြောင်းရှိလျှင်၊ သို့တည်း မဟုတ်        
(ခ) နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦး တယောက်သောသူက ကျူးလွန်ချက်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ တခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ်
(ဂ)   လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ တဘက်နှင့် တဘက် ပြစ်မှု ကျူးလွန်အောင်လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါလှုံ့ဆောင်ခြင်းကိုဖြစ်စေ တန်ရာသည့် အကြောင်းရှိလျှင်
             ထိုသူကို နှစ် နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်ရမည်။

၎။             မတရားအသင်း

ပုဒ်မ ၁၅ (၁)        “အသင်း” ဆိုသည်မှာ သီးခြားအမည်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆက်စပ်ပေါင်းစည်း သည့် လူအစည်းအရုံး သို့မဟုတ် လူအဖွဲ့အစည်းကို ဆိုသည်။

ပုဒ်မ ၁၅ (၂)        “မတရားအသင်း” ဆိုသည်မှာ အောက်ပါအသင်းအဖွဲ့တစ်ခုခုကို ဆိုသည်-   

(က)      အကြမ်းဖက်မှုကိုဖြစ်စေ၊ခြိမ်းခြောက်မှုကိုဖြစ်စေ ကျူးလွန်ရန် အားပေးသည့် သို့မဟုတ် ကူညီသည့် အသင်း သို့မဟုတ်    အသင်းအဖွဲ့ဝင်များက အဆိုပါအပြုအမူများကို ကျူးလွန်လေ့ရှိသောအသင်း

(ခ)        နိုင်ငံတော်သမ္မတက ဤအက်ဥပဒေဖြင့် အပ်နှင်းထားသောအာဏာအရ မတရားအသင်း အဖြစ် ကြေညာထားသောအသင်း                                                                        
ပုဒ်မ ၁၇ (၁)        မည်သူမဆို မတရားအသင်းဝင်ဖြစ်လျှင်သော်လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ ကိစ္စအတွက် ငွေကြေး ထောက်ပံ့လျှင်၊ လက်ခံရယူလျှင် သို့မဟုတ် တောင်းခံလျှင်သော် လည်းကောင်း၊ အသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်နည်းနည်းဖြင့် ကူညီလျှင်သော်လည်းကောင်း ထိုသူသည် ထောင်ဒဏ် နှစ် နှစ်ထက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမျတ်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်းကျခံစေရမည်။
ပုဒ်မ ၁၇ (၂)        မည်သူမဆို မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့မဟုတ် မတရားအသင်း၏ စီမံအုပ်ချုပ်မှုတွင် ကူညီလျှင် သော်လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ အစည်းအဝေးသို့မဟုတ် အသင်းဝင်များ၏ အစည်းအဝေး ဖြစ် မြောက်ရေးအတွက် ဆောင်သြကမကထပြုလျှင် သို့မဟုတ် ကူညီိလျှင်သော်လည်းကောင်း ထိုသူသည် ထောင်ဒဏ် သုံးနှစ်ထက်မနည်း၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင်ငွေဒဏ်လည်း ခံစေရမည်။
၅။     ဆက်သွယ်ရေးဥပဒေ
ပုဒ်မ ၆၆ (ဃ)      ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍  ပုဂ္ဂိုလ်တစ်ဦးဦးအားခြောက်လှန့်တောင်းယူခြင်း၊ အနိုင် အထက် ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။
ပုဒ်မ ၆၈ (က)      မမှန်ကန်သောသတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။
ပုဒ်မ ၇၇             ၀န်ကြီးဌာနသည် အများပြည်သူအကျိုးအတွက်ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်လာသည့်အခါ အစိုးရ အဖွဲ့၏သဘောတူညီချက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့် သတင်းအချက်အလက် နှင့် ဆက်သွယ်မှုများကိုရရှိနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီထိန်းချုပ်သုံးစွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရရှိသူအား ညွှန်ကြားနိုင်သည်။

















၆။     နိုင်ငံတော်လှို့ဝှက်ချက်များဥပဒေ ပုဒ်မ (၃)
3. (1)  If any person for any purpose prejudicial to the safety or interests of the State—
(a) approaches, inspects, passes over or is in the vicinity of, or enters, any prohibited place; or
(b) makes any sketch, plan, model, or note which is calculated to be or might be or is intended to be, directly or indirectly, useful to an enemy; or
(c) obtains, collects, records or publishes or communicates to any other person any secret official code or password, or any sketch, plan, model, article or note or other document or information which is calculated to be or might be or is intended to be, directly or indirectly, useful to an enemy;
he shall be punishable with imprisonment for a term which may extend, where the offence is committed in relation to any work of defense, arsenal, naval, military or air force establishment or station, mine, minefield, factory, dockyard, camp, ship or aircraft or otherwise in relation to the naval, military or air force affairs of [the State]2 or in relation to any secret official code, to fourteen years and in other cases to three years.

(2)           On a prosecution for an offence punishable under this section with imprisonment for a term which may extend to fourteen years, it shall not be necessary to show that the accused person was guilty of any particular act tending to show a purpose prejudicial to the safety or interests of the State, and, notwithstanding that no such act is proved against him, he may be convicted if, from the circumstances of the case or his conduct or his known character as proved, it appears that his purpose was a purpose prejudicial to the safety or interests of the State; and if any sketch, plan, model, article, note, document, or information relating to or used in any prohibited place, or relating to anything in such a place, or any secret official code or password is made, obtained, collected, recorded, published or communicated by any person other than a person acting under lawful authority, and from the circumstances of the case or his conduct or his known character as proved it appears that his purpose was a purpose prejudicial to the safety or interests of the State, such sketch, plan, model, article, note, document or information shall be presumed to have been made, obtained, collected, recorded, published or communicated for a purpose prejudicial to the safety or interests of the State.







၇။     ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခြင်းဥပဒေ
ပုဒ်မ ၄ (ဃ)        ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်နှင့် ခန့်မှန်း လူဦးရေ
ပုဒ်မ  (၁၈)          မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဖြစ် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။   ပယ်ဖျက်ထားသည်။
ပုဒ်မ (၁၉)           မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီိရင်ခြင်းခံရလျင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်းပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

No comments:

Post a Comment

Citizen Rights Action Group- CRAG

ကကြီး၊ ခခွေး .. နိုင်ငံရေး။

  ကကြီး၊ ခခွေး.. နိုင်ငံရေး    (ဇော်ဂျီ ဖြင့် ဆက်လက်ဖတ်ရှုနိုင်ပါသည်) (ရွာက ဘကြီးနဲ့ ကြီးတော် ကြီးများ အတွက်) ဒီမိုကရေစီအစိုးရကို ဘယ်လို...

လူ့အခွင့်အရေးကြေခြာစာတမ်း