ကကြီး၊ ခခွေး .. နိုင်ငံရေး။

 

ကကြီး၊ ခခွေး.. နိုင်ငံရေး   (ဇော်ဂျီ ဖြင့် ဆက်လက်ဖတ်ရှုနိုင်ပါသည်)

(ရွာက ဘကြီးနဲ့ ကြီးတော် ကြီးများ အတွက်)

ဒီမိုကရေစီအစိုးရကို ဘယ်လို ဝိုင်းဝန်းစောင့်ကြည့် ကြပ်မတ်မှာလဲ…..

စစ်အစိုးရဆိုရင်တော့ စောင့်ကြည့်တယ်ဆိုတာနဲ့ ထောင်ထဲရောက်သွားမှာပေါ့။ ဒီမိုကရေစီအစိုးရကတော့ ပြည်သူ ပူးပေါင်းပါဝင်မှုကို လက်ခံတဲ့အတွက် စောင့်ကြည့်လိုရပါတယ်။  ဒါကြောင့်လဲ ဒီမိုကရေစီကို လိုချင်ကြ တာပဲ မဟုတ်လား..။

လုပ်ငန်းတစ်ခုကို ဝိုင်းဝန်းကြပ်မတ်ဖို့ဆိုရင်-

·         အဖွဲ့အစည်း အတွင်း ထိန်းကျောင်းကြပ်မတ်တာ

·         အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ထိန်းကျောင်းတည့်မတ်တာ

·         ပြင်ပ အဖွဲ့အစည်းတွေက စောင့်ကြည့်ကြပ်မတ်တာ

·         လွတ်လပ်စွာ စောင့်ကြည့်ကြပ်မတ်တာ ဆိုပြီး အမျိုးအမျိုးရှိပါတယ်

ဒီလိုကြပ်မတ်ပြီး လုပ်ငန်းကို အရည်အသွေးမီစွာ၊ ထိရောက်စွာလုပ်ကိုင်နိုင်ရန် ကြိုးစားကြပါတယ်။ အစိုးရ တစ်ရပ် လုပ်ငန်းဆောင်ရွက်တာကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ဆိုရင်လဲ ဝိုင်းဝန်းကြပ်မတ်ဖို့ကြိုးစားရာမှာ အခုလိုနည်းလမ်းပေါင်းစုံနဲ့ ကြီးကြပ်ကြပ်မတ်ရမှာဖြစ်ပါတယ်။ ကြပ်မတ်ရာမှာ တွေ့ရှိရချက်များကို လုပ်ငန်း ဆောင်ရွက်ရာမှာ အလေးထားထည့်သွင်းစဉ်းစားဖို့၊ လုပ်ငန်းဖော်ဆောင်ရာမှာ စစ်ဆေးတွေ့ရှိချက်များကို အချိန်မီ ပြန်လည်သုံးသပ်ပြီး အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့ ကျိူးပမ်းကြရတာဖြစ်ပါတယ်။

ဒီနေရာမှာ ကြီးကြပ်ဖို့နဲ့ စစ်ဆေးဖို့အပြင် စစ်ဆေးတွေ့ရှိချက်တွေ့ကို အလေးထားပြီးစဉ်းစားပြီး လက်တွေ့ လုပ်ငန်းဖော်ဆောင်ရာမှာ အချိန်မီပြုပြင်ဖို့၊ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုပါတယ်.. ကြီးကြပ်ရုံနဲ့တော့ မပြီးပါဘူး။

အစိုးရတစ်ရပ်ကို စောင့်ကြည့်လေ့လာရာမှာ အစိုးရအဖွဲ့အတွင်း၊ အစိုးရအဖွဲ့အစည်း အချင်းချင်းထိန်း ကျောင်း ကြပ်မတ်ခြင်းကို ပြည်သူတွေ လုပ်လို့မရပါဘူး။ အစိုးရကိုယ်တိုင်က လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြင်ပ အဖွဲ့အစည်းက စောင့်ကြည့်ကြပ်မတ်တာနဲ့ လွတ်လပ်စွာ စောင့်ကြည့်ကြပ်မတ်တာ ကိုတော့ ပြည်သူတွေ၊ အစိုးရ မဟုတ်သော အခြားအဖွဲ့အစည်းတွေ လုပ်ကိုင်နိုင်ပါတယ်။

အစိုးရအဖွဲ့ကို ဘယ်လို လေ့လာစောင့်ကြည့်မလဲ..

ပြစ်တင်ဝေဖန်ခြင်းကို လေ့လာစောင့်ကြည့်တယ်၊ ကြီးကြပ်တယ်လို့ မခေါ်ဆို နိုင်ပါဘူး။ ဒီလိုလုပ်ရင် ဥပဒေ နှင့်အညီ အစိုးရကို ဒါမှမဟုတ် အစိုးရက တရားစွဲဖို့ဖြစ်လာလိမ့်မယ်။

ဒီတော့ ဥပဒေနဲ့အညီထောက်ပြဝေဖန်ခြင်းကို တရားဝင်လုပ်နိုင်ပါတယ်။ အစိုးရအဖွဲ့နဲ့မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးနိုင်ခွင့် တောင်းဆိုလို့ရပါတယ်။ တစ်ဦးတစ်ယောက်နဲ့ဆိုင်တဲ့ ကိစ္စတွေကတော့ မိမိထိခိုက်နစ်နာ မှုကို တည်ဆဲဥပဒေများနဲ့အညီ တောင်းဆိုရတာဖြစ်လို့ အစိုးရအဖွဲ့တွေ၊ ဝန်ကြီးတွေနဲ့ဆိုင်တဲ့ကိစ္စတွေမဟုတ်ဘူး။ မိမိအခက်အခဲကို ဌာနဆိုင်ရာ တာဝန်ရှိသူ သို့မဟုတ် အစိုးအဖွဲ့ဝန်ကြီးတွေက ဖြေရှင်းပေးတာဆိုရင် မိမိရဲ့ ဩဇာကို သုံးတာဖြစ်တဲ့အတွက် အကတိကင်းတယ်မဆိုနိုင်ဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ကိစ္စတွေကတော့ ဥပဒေ တစ်ရပ်၊ မူဝါဒတစ်ရပ် အသစ်ပြဌာန်းနိုင်ဖို့၊ ပြင်ဆင်ဖို့တိုက်တွန်းဆွေးနွေးတာမျိုးဖြစ်ပါတယ်။ ပြည်သူအားလုံးလုပ် ရမယ့်အလုပ်တွေဖြစ်ပါတယ်။

      လေ့လာစောင့်ကြည့်တာက အလွတ်သဘောရနေတဲ့ အချက်အလက်တွေကို စုစည်းပြီး သုတေသနပြုခြင်း ကို ကျွမ်းကျင်သူတွေက လုပ်ပေးနိုင်ပါတယ်၊ လုပ်ပေးတတ်ပါတယ်။

      တရားဝင်အချက်အလက်တွေတောင်းယူပြီး လေ့လာစောင့်ကြည့်တာမျိုးက အစိုးရကိုယ်တိုင်က လက်ခံ သဘောတူနားလည်မှုတွေရရှိထားဖို့လိုတယ်။ အစိုးရနဲ့ အပြုသဘောဆောင်သော ဆက်ဆံရေးဆိုတာမျိုးတွေလို အပ်တယ်။ စုဆောင်းရရှိထားတဲ့အချက်တွေကို အစိုးရအဖွဲ့၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ သူတွေကို လုပ်ငန်းလုပ်ဆောင် တဲ့ပုံစံ ပိုမိုကောင်းမွန်အောင်၊ စီမံခန့်ခွဲမှုနည်းလမ်းအသစ်တွေ ချမှတ်နိုင်အောင် အကြုံပြုတဲ့သဘောဖြစ်တယ်။

ဘယ်လိုလုပ်မလဲ….

            ကိုယ်ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ကိုယ်နဲ့အနီးကပ်ဆုံးဖြစ်ပြီး အလုပ်လုပ်ဖို့ ဆက်ဆံရေးတစ် ခု ထူထောင်နိုင်ပါတယ်။ မိမိဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့၊ စီမံခန့်ခွဲမှု ပုံစံအသစ်ဖြစ်ဖို့ အစပြုနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတဲ့သူ၊ အကြံဉာဏ်ပေးနိုင်တဲ့သူ၊ ကျွမ်းကျင်သူတွေစုစည်းပြီး မိမိဒေသမှာ မြို့နယ်မှာ ရပ်ကွက်မှာ ကျေးရွာမှာ လုပ်ကိုင်နေတဲ့ အစိုးရရဲ့လုပ်ငန်းအားလုံးကို စောင့်ကြည့်ပေးနိုင်တယ်။ လိုအပ် တဲ့အကြံဉာဏ်တွေ ပေးနိုင်တယ်။ အဲ့ဒါက နိုင်ငံအတွက် နိုင်ငံသားတွေလုပ်နိုင်တဲ့ လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်တယ်ဆိုတာ အခုလို ဥပဒေနဲ့အညီလုပ်ဖို့ ဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲ ရှိနေတဲ့ အခါနောက်ဆုံး မဖြစ်နိုင်တဲ့အဆုံးမှာ လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။

            ဒါဆိုရင် မိမိရွာ မိမိဒေသမှာ နိုင်ငံသားတွေ၊ ပြည်သူတွေ နိုင်ငံအတွက် ဒီမိုကရေစီစနစ်အခြေခိုင်ဖို့ လုပ်နိုင် တဲ့နည်းလမ်းကို သိနိုင်ပါတယ်။

ဘာလုပ်မလဲ….

            စိတ်ဝင်စားမှုတူတဲ့သူ ရည်ရွယ်ချက်တူတဲ့သူတွေ စုရပါမယ်။ အဖွဲ့အစည်းလုပ်ရမယ်လို့ပြောတာမဟုတ် ဘူး အလုပ်လုပ်ဖို့ စုရမှာ။

            စိတ်ဝင်စားမှုတူတဲ့သူဆိုတာက- တစ်ချို့က ရပ်ကွက် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းကိုစိတ်ဝင်စားတယ်။ အချိုက ဆောက်လုပ်ရေးလုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ အချိုက တရားဥပဒေစိုးမိုးရေးကို စိတ်ဝင်စားတယ်။ အချိုက လယ်ယာလုပ်ငန်းကို စိတ်ဝင်စားတယ်။ အချို့ တနယ်တကျေးသွား အလုပ်လုပ်တဲ့သူတွေကို စိတ်ဝင်စား တယ်။ တစ်ချို့က စည်ပင်လုပ်ငန်းတွေကို စိတ်ဝင်စားတယ်။ တစ်ချို့က မြို့မှာရှိတဲ့ သားသတ်လုပ်ငန်းကို စိတ်ဝင် စားတယ်။ တစ်ချို့က ကုန်စည်နဲ့ ပို့ဆောင်ရေးလုပ်ငန်းကို စိတ်ဝင်စားတယ်။ ဒါဆိုရင်စိတ်ဝင်စားတဲ့သူတွေ စုမယ် ဆိုတာရှင်းမှာပါ။

            ရည်ရွယ်ချက်တူတဲ့သူတွေစုမယ်ဆိုတာက- ဥပဒေတွေ၊ ပြည့်သူရေးရာ မူဝါဒတွေပြုပြင်ချင်တာ၊ အချိုက အစိုးရဌာနတွေရဲ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေပုံကို ပြုပြင်စေချင်တာ၊ အချိုက အစိုးရဌာနချင်း ချိတ်ဆက် ဆောင်ရွက်ပုံတွေကို ပြုပြုစေချင်တာ၊ အချိုက ပြည်သူကိုယ်စားလှယ်တွေကို တိုက်တွန်းချင်တာ- အကြံပြုချင် တာ။ အချိုက တိုင်းဒေသကြီး/ ပြည်နယ် တွေက အစိုးရ၊ လွှတ်တော်တွေကို တိုက်တွန်းဆွေးနွေးမှာ၊ အချို့က ပြည်ထောင်စုအဆင့် နိုင်ငံအဆင့် ပြုပြင်ပြောင်းလဲစေချင်တာ.. ဒီလိုမျိုးရည်ရွယ်ချက်မတူတာကို ဆိုလိုတာ။

            စိတ်ဝင်စားတာချင်းတူတဲ့သူနဲ့၊ ရည်ရွယ်ချက်တူတဲ့သူ ကွဲကွဲပြားပြားသိပြီး စုဖွဲ့နိုင်ရင် အလုပ်လုပ်လိုရနိုင် ပါပြီ။ ဒါကိုတော့ မဖြစ်မနေလုပ်တတ်ရမယ်။ လုပ်တတ်ရင် ဦးဆောင်လုပ်။ မလုပ်တတ်ရင် လုပ်တတ်တဲ့သူတွေ လုပ်တာကို ပူးပေါင်းပါဝင်။ လုပ်လဲ မလုပ်တတ်ဘူး- ပူးပေါင်းပါဝင်တာလဲမလုပ်ချင်ဘူးဆိုရင်တော့။ ဘေးထိုင်ပြီး ဘုမပြောနဲ့။ ပြောလဲ အပိုပဲ။ တစ်ယောက်ထဲပြောရင် ဘာဖြစ်လဲ- ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူး။ အရူးဖြစ် တာပေါ့။

အဲ့ဒီအလုပ်တွေလုပ်ရင်-

·         အချက်အလက်ခိုင်လုံအောင် စုစည်းထားရမယ်။

·         ဖြစ်စဉ်ကို ဘက်ပေါင်းစုံက အမြင်တွေပါရမယ်။

·         တည်ဆဲ ဥပဒေတွေနဲ့ တိုက်ဆိုင်ပြောရမယ်။

·         ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှု မြေပြင်အခြေအနေအမှန်ကို ပြောပြနိုင်ရမယ်။

·         ဘာလုပ်ရင် ပိုကောင်းမယ်ဆိုတဲ့ အကြံပြုချက်တွေပါရမယ်။

·         ပြည်သူအားလုံးရဲ့ အသံ (ဆန္ဒ) နဲ့ကိုက်ညီရမယ်။

အဲ့ဒါမလုပ်ရင်ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ လူပေါကြီးဖြစ်တာပေါ့။

ရှောင်ရမယ့်အချက်တွေက-

·         တည်ဆဲဥပဒေကို လိုက်နာရမယ်။ မကြိုက်ရင်ပြင်။ မပြင်နိုင်သေးရင် ရှိတဲ့ဥပဒေကို လိုက်နာ။

·         လူတစ်ဦး လူတစ်စုရဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုရဘူး။

·         ဥပဒေနဲ့မညီတဲ့ မခိုင်လုံတဲ့ အချက်တွေကို လိုရာဆွဲပြီး မရိုးမသား မဖော်ပြရဘူး။

ရှောင်ရမယ့်အချက်တွေ မရှောင်ရင်။ ဘယ်သူ့ ငါ့စကားနွားရ ပြောတဲ့သူဖြစ်တာပေါ့။

ဘာပြောမှာလဲ…

အကြောင်းအရာ တစ်ခုကို ရွေးရမယ်။ ရဲလုပ်ငန်းကို ဝေဖန်။ တရားစီရင်ရေးကို အပြစ်ပြော။ အကျင့်ပျက် ခြစားမှုကို ထောက်ပြ။ အစိုးရဝန်ထမ်းတွေကို တာဝန်မကျေဘူးပြော။ ဒီလိုလျှောက်ပြောရင် ဘာဖြစ်စေချင်လဲ။ ဘာလုပ်ပေးရမလဲဆိုတာ နားထောင်တဲ့သူလဲ သိတော့မှာ မဟုတ်ဘူး။ တစ်ခုစီပြောမှ တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင် မှာပေါ့…..

ဘယ်သူ့ပြောမှာလဲ…

ဝန်ထမ်းတစ်ယောက်- ဝန်ကြီးတစ်ယောက်က အရာအားလုံးကို “ဖြစ်စေသတည်း” လို့ ပြောပြီး ပြေလည် အောင် လုပ်မပေး နိုင်ဘူး။ သက်ဆိုင်တဲ့သူကို ရွေးပြီးပြော။ တိုင်စာရေးပြီး သူကြီးသေနတ်လို တွေ့ရာအကုန်ပစ်။ ရှိသမျှ ဌာနအကုန်ပို့ရင်။ စာရွက်ဖိုး တံဆိပ်ခေါင်းဖိုး ကုန်တာပေါ့။  အောက်ခြေမှာ ပြေလည်နိုင်တာကို သမ္မတ အထိ ပြောတော့ အချိန်ကြာမယ် အလုပ်ရှုပ်မယ် အလွယ်တကူမဖြစ်ဘူးပေါ့။

ဘယ်တော့ပြောမှာလဲ…

ဘယ်လိုပြောမှာလဲ… တော့ ဆက်လုပ်တတ်မယ်ထင်ပါတယ်…။

ဘယ်လိုပုံစံလုပ်မလဲ

          စုဖွဲ့လို့ရရင် မြို့နယ်အဆင့်မှတ်ပုံတင်ပြီး တရားဝင်လုပ်လို့ရပါတယ်.. မှတ်ပုံတင်တာကလဲ မြို့နယ် အုပ်ချုပ်ရေးမှူး ကို မေးကြည့်ရင်ရပါတယ်။ ငွေမကုန်ဘူး။

            မှတ်ပုံမတင်ချင်လဲရတယ်။ ဥပဒေမှာပါတယ်.. မိမိဆန္ဒအလျှောက်မှတ်ပုံတင်လိုက တင်နိုင်တယ်- မတင်လဲ ရတယ်။

            အစုအဖွဲ့ကို နာမည်ပေးထားလဲရတယ်.. “ကြုံတိုင်း ကျေးရွာ လူငယ်များအဖွဲ့” “သူကြီးဦးဖိုးစီနှင့် ရပ်မိရပ်ဖ များအဖွဲ့” “မသေးမျှင်နှင့်  အမျိုးသမီးများအဖွဲ့” ဗေဒင်မေးစရာမလိုဘူးလေ။

            အစိုးရကို စောင့်ကြည့်တတ်မှာလား.. အခုက စပြီး လုပ်လို့ရပြီ..။ မနက်ဖြန်ဆို နောက်ကျမယ်။

 

                                                                                                                  @ အောင်ဘု


ကႀကီး၊ ခေခြး.. နိုင္ငံေရး  (Zawgyi One)

(ရြာက ဘႀကီးနဲ႔ ႀကီးေတာ္ ႀကီးမ်ား အတြက္) 

ဒီမိုကေရစီအစိုးရကို ဘယ္လို ဝိုင္းဝန္းေစာင့္ၾကည့္ ၾကပ္မတ္မွာလဲ…..

စစ္အစိုးရဆိုရင္ေတာ့ ေစာင့္ၾကည့္တယ္ဆိုတာနဲ႔ ေထာင္ထဲေရာက္သြားမွာေပါ့။ ဒီမိုကေရစီအစိုးရကေတာ့ ျပည္သူ ပူးေပါင္းပါဝင္မွုကို လက္ခံတဲ့အတြက္ ေစာင့္ၾကည့္လိုရပါတယ္။  ဒါေၾကာင့္လဲ ဒီမိုကေရစီကို လိုခ်င္ၾက တာပဲ မဟုတ္လား..။ 

လုပ္ငန္းတစ္ခုကို ဝိုင္းဝန္းၾကပ္မတ္ဖို႔ဆိုရင္- 

အဖြဲ႕အစည္း အတြင္း ထိန္းေက်ာင္းၾကပ္မတ္တာ

အဖြဲ႕အစည္းအခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းတည့္မတ္တာ

ျပင္ပ အဖြဲ႕အစည္းေတြက ေစာင့္ၾကည့္ၾကပ္မတ္တာ

လြတ္လပ္စြာ ေစာင့္ၾကည့္ၾကပ္မတ္တာ ဆိုၿပီး အမ်ိဳးအမ်ိဳးရွိပါတယ္ 

ဒီလိုၾကပ္မတ္ၿပီး လုပ္ငန္းကို အရည္အေသြးမီစြာ၊ ထိေရာက္စြာလုပ္ကိုင္နိုင္ရန္ ႀကိဳးစားၾကပါတယ္။ အစိုးရ တစ္ရပ္ လုပ္ငန္းေဆာင္ရြက္တာကို ထိေရာက္စြာ ေဆာင္ရြက္နိုင္ဖို႔ဆိုရင္လဲ ဝိုင္းဝန္းၾကပ္မတ္ဖို႔ႀကိဳးစားရာမွာ အခုလိုနည္းလမ္းေပါင္းစုံနဲ႔ ႀကီးၾကပ္ၾကပ္မတ္ရမွာျဖစ္ပါတယ္။ ၾကပ္မတ္ရာမွာ ေတြ႕ရွိရခ်က္မ်ားကို လုပ္ငန္း ေဆာင္ရြက္ရာမွာ အေလးထားထည့္သြင္းစဥ္းစားဖို႔၊ လုပ္ငန္းေဖာ္ေဆာင္ရာမွာ စစ္ေဆးေတြ႕ရွိခ်က္မ်ားကို အခ်ိန္မီ ျပန္လည္သုံးသပ္ၿပီး အရည္အေသြးျပည့္မီေအာင္ ေဆာင္ရြက္နိုင္ဖို႔ က်ိဴးပမ္းၾကရတာျဖစ္ပါတယ္။

ဒီေနရာမွာ ႀကီးၾကပ္ဖို႔နဲ႔ စစ္ေဆးဖို႔အျပင္ စစ္ေဆးေတြ႕ရွိခ်က္ေတြ႕ကို အေလးထားၿပီးစဥ္းစားၿပီး လက္ေတြ႕ လုပ္ငန္းေဖာ္ေဆာင္ရာမွာ အခ်ိန္မီျပဳျပင္ဖို႔၊ ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္ဖို႔လိုပါတယ္.. ႀကီးၾကပ္႐ုံနဲ႔ေတာ့ မၿပီးပါဘူး။ 

အစိုးရတစ္ရပ္ကို ေစာင့္ၾကည့္ေလ့လာရာမွာ အစိုးရအဖြဲ႕အတြင္း၊ အစိုးရအဖြဲ႕အစည္း အခ်င္းခ်င္းထိန္း ေက်ာင္း ၾကပ္မတ္ျခင္းကို ျပည္သူေတြ လုပ္လို႔မရပါဘူး။ အစိုးရကိုယ္တိုင္က လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ျပင္ပ အဖြဲ႕အစည္းက ေစာင့္ၾကည့္ၾကပ္မတ္တာနဲ႔ လြတ္လပ္စြာ ေစာင့္ၾကည့္ၾကပ္မတ္တာ ကိုေတာ့ ျပည္သူေတြ၊ အစိုးရ မဟုတ္ေသာ အျခားအဖြဲ႕အစည္းေတြ လုပ္ကိုင္နိုင္ပါတယ္။ 

အစိုးရအဖြဲ႕ကို ဘယ္လို ေလ့လာေစာင့္ၾကည့္မလဲ..

ျပစ္တင္ေဝဖန္ျခင္းကို ေလ့လာေစာင့္ၾကည့္တယ္၊ ႀကီးၾကပ္တယ္လို႔ မေခၚဆို နိုင္ပါဘူး။ ဒီလိုလုပ္ရင္ ဥပေဒ ႏွင့္အညီ အစိုးရကို ဒါမွမဟုတ္ အစိုးရက တရားစြဲဖို႔ျဖစ္လာလိမ့္မယ္။

ဒီေတာ့ ဥပေဒနဲ႔အညီေထာက္ျပေဝဖန္ျခင္းကို တရားဝင္လုပ္နိုင္ပါတယ္။ အစိုးရအဖြဲ႕နဲ႔မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံ ေဆြးေႏြးနိုင္ခြင့္ ေတာင္းဆိုလို႔ရပါတယ္။ တစ္ဦးတစ္ေယာက္နဲ႔ဆိုင္တဲ့ ကိစၥေတြကေတာ့ မိမိထိခိုက္နစ္နာ မွုကို တည္ဆဲဥပေဒမ်ားနဲ႔အညီ ေတာင္းဆိုရတာျဖစ္လို႔ အစိုးရအဖြဲ႕ေတြ၊ ဝန္ႀကီးေတြနဲ႔ဆိုင္တဲ့ကိစၥေတြမဟုတ္ဘူး။ မိမိအခက္အခဲကို ဌာနဆိုင္ရာ တာဝန္ရွိသူ သို႔မဟုတ္ အစိုးအဖြဲ႕ဝန္ႀကီးေတြက ေျဖရွင္းေပးတာဆိုရင္ မိမိရဲ့ ဩဇာကို သုံးတာျဖစ္တဲ့အတြက္ အကတိကင္းတယ္မဆိုနိုင္ဘူး။ အမ်ားျပည္သူနဲ႔ဆိုင္တဲ့ကိစၥေတြကေတာ့ ဥပေဒ တစ္ရပ္၊ မူဝါဒတစ္ရပ္ အသစ္ျပဌာန္းနိုင္ဖို႔၊ ျပင္ဆင္ဖို႔တိုက္တြန္းေဆြးေႏြးတာမ်ိဳးျဖစ္ပါတယ္။ ျပည္သူအားလုံးလုပ္ ရမယ့္အလုပ္ေတြျဖစ္ပါတယ္။ 

ေလ့လာေစာင့္ၾကည့္တာက အလြတ္သေဘာရေနတဲ့ အခ်က္အလက္ေတြကို စုစည္းၿပီး သုေတသနျပဳျခင္း ကို ကၽြမ္းက်င္သူေတြက လုပ္ေပးနိုင္ပါတယ္၊ လုပ္ေပးတတ္ပါတယ္။ 

တရားဝင္အခ်က္အလက္ေတြေတာင္းယူၿပီး ေလ့လာေစာင့္ၾကည့္တာမ်ိဳးက အစိုးရကိုယ္တိုင္က လက္ခံ သေဘာတူနားလည္မွုေတြရရွိထားဖို႔လိုတယ္။ အစိုးရနဲ႔ အျပဳသေဘာေဆာင္ေသာ ဆက္ဆံေရးဆိုတာမ်ိဳးေတြလို အပ္တယ္။ စုေဆာင္းရရွိထားတဲ့အခ်က္ေတြကို အစိုးရအဖြဲ႕၊ ဆုံးျဖတ္ခ်က္ခ်နိုင္တဲ့ သူေတြကို လုပ္ငန္းလုပ္ေဆာင္ တဲ့ပုံစံ ပိုမိုေကာင္းမြန္ေအာင္၊ စီမံခန႔္ခြဲမွုနည္းလမ္းအသစ္ေတြ ခ်မွတ္နိုင္ေအာင္ အၾကဳံျပဳတဲ့သေဘာျဖစ္တယ္။ 

ဘယ္လိုလုပ္မလဲ….

ကိုယ္ေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေတြက ကိုယ္နဲ႔အနီးကပ္ဆုံးျဖစ္ၿပီး အလုပ္လုပ္ဖို႔ ဆက္ဆံေရးတစ္ ခု ထူေထာင္နိုင္ပါတယ္။ မိမိေဒသအတြက္ ဖြံ့ၿဖိဳးေရးလုပ္ငန္းေတြလုပ္ဖို႔၊ စီမံခန႔္ခြဲမွု ပုံစံအသစ္ျဖစ္ဖို႔ အစျပဳနိုင္တဲ့ ေနရာျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္ဝင္စားတဲ့သူ၊ အႀကံဉာဏ္ေပးနိုင္တဲ့သူ၊ ကၽြမ္းက်င္သူေတြစုစည္းၿပီး မိမိေဒသမွာ ၿမိဳ႕နယ္မွာ ရပ္ကြက္မွာ ေက်းရြာမွာ လုပ္ကိုင္ေနတဲ့ အစိုးရရဲ့လုပ္ငန္းအားလုံးကို ေစာင့္ၾကည့္ေပးနိုင္တယ္။ လိုအပ္ တဲ့အႀကံဉာဏ္ေတြ ေပးနိုင္တယ္။ အဲ့ဒါက နိုင္ငံအတြက္ နိုင္ငံသားေတြလုပ္နိုင္တဲ့ လုပ္ရမယ့္အလုပ္ျဖစ္ပါတယ္။ ဆႏၵထုတ္ေဖာ္တယ္ဆိုတာ အခုလို ဥပေဒနဲ႔အညီလုပ္ဖို႔ ဥပေဒနဲ႔အညီ ပူးေပါင္းေဆာင္ရြက္ဖို႔ အခက္အခဲ ရွိေနတဲ့ အခါေနာက္ဆုံး မျဖစ္နိုင္တဲ့အဆုံးမွာ လုပ္ရမယ့္အလုပ္ျဖစ္ပါတယ္။ 

ဒါဆိုရင္ မိမိရြာ မိမိေဒသမွာ နိုင္ငံသားေတြ၊ ျပည္သူေတြ နိုင္ငံအတြက္ ဒီမိုကေရစီစနစ္အေျခခိုင္ဖို႔ လုပ္နိုင္ တဲ့နည္းလမ္းကို သိနိုင္ပါတယ္။ 

ဘာလုပ္မလဲ….

စိတ္ဝင္စားမွုတူတဲ့သူ ရည္ရြယ္ခ်က္တူတဲ့သူေတြ စုရပါမယ္။ အဖြဲ႕အစည္းလုပ္ရမယ္လို႔ေျပာတာမဟုတ္ ဘူး အလုပ္လုပ္ဖို႔ စုရမွာ။

စိတ္ဝင္စားမွုတူတဲ့သူဆိုတာက- တစ္ခ်ိဳ႕က ရပ္ကြက္ ေက်းရြာ ဖြံ့ၿဖိဳးေရးလုပ္ငန္းကိုစိတ္ဝင္စားတယ္။ အခ်ိဳက ေဆာက္လုပ္ေရးလုပ္ငန္းေတြကို စိတ္ဝင္စားတယ္။ အခ်ိဳက တရားဥပေဒစိုးမိုးေရးကို စိတ္ဝင္စားတယ္။ အခ်ိဳက လယ္ယာလုပ္ငန္းကို စိတ္ဝင္စားတယ္။ အခ်ိဳ႕ တနယ္တေက်းသြား အလုပ္လုပ္တဲ့သူေတြကို စိတ္ဝင္စား တယ္။ တစ္ခ်ိဳ႕က စည္ပင္လုပ္ငန္းေတြကို စိတ္ဝင္စားတယ္။ တစ္ခ်ိဳ႕က ၿမိဳ႕မွာရွိတဲ့ သားသတ္လုပ္ငန္းကို စိတ္ဝင္ စားတယ္။ တစ္ခ်ိဳ႕က ကုန္စည္နဲ႔ ပို႔ေဆာင္ေရးလုပ္ငန္းကို စိတ္ဝင္စားတယ္။ ဒါဆိုရင္စိတ္ဝင္စားတဲ့သူေတြ စုမယ္ ဆိုတာရွင္းမွာပါ။

ရည္ရြယ္ခ်က္တူတဲ့သူေတြစုမယ္ဆိုတာက- ဥပေဒေတြ၊ ျပည့္သူေရးရာ မူဝါဒေတြျပဳျပင္ခ်င္တာ၊ အခ်ိဳက အစိုးရဌာနေတြရဲ့ဝန္ေဆာင္မွုလုပ္ငန္း လုပ္ကိုင္ေနပုံကို ျပဳျပင္ေစခ်င္တာ၊ အခ်ိဳက အစိုးရဌာနခ်င္း ခ်ိတ္ဆက္ ေဆာင္ရြက္ပုံေတြကို ျပဳျပဳေစခ်င္တာ၊ အခ်ိဳက ျပည္သူကိုယ္စားလွယ္ေတြကို တိုက္တြန္းခ်င္တာ- အႀကံျပဳခ်င္ တာ။ အခ်ိဳက တိုင္းေဒသႀကီး/ ျပည္နယ္ ေတြက အစိုးရ၊ လႊတ္ေတာ္ေတြကို တိုက္တြန္းေဆြးေႏြးမွာ၊ အခ်ိဳ႕က ျပည္ေထာင္စုအဆင့္ နိုင္ငံအဆင့္ ျပဳျပင္ေျပာင္းလဲေစခ်င္တာ.. ဒီလိုမ်ိဳးရည္ရြယ္ခ်က္မတူတာကို ဆိုလိုတာ။ 

စိတ္ဝင္စားတာခ်င္းတူတဲ့သူနဲ႔၊ ရည္ရြယ္ခ်က္တူတဲ့သူ ကြဲကြဲျပားျပားသိၿပီး စုဖြဲ႕နိုင္ရင္ အလုပ္လုပ္လိုရနိုင္ ပါၿပီ။ ဒါကိုေတာ့ မျဖစ္မေနလုပ္တတ္ရမယ္။ လုပ္တတ္ရင္ ဦးေဆာင္လုပ္။ မလုပ္တတ္ရင္ လုပ္တတ္တဲ့သူေတြ လုပ္တာကို ပူးေပါင္းပါဝင္။ လုပ္လဲ မလုပ္တတ္ဘူး- ပူးေပါင္းပါဝင္တာလဲမလုပ္ခ်င္ဘူးဆိုရင္ေတာ့။ ေဘးထိုင္ၿပီး ဘုမေျပာနဲ႔။ ေျပာလဲ အပိုပဲ။ တစ္ေယာက္ထဲေျပာရင္ ဘာျဖစ္လဲ- ဘယ္သူမွ နားေထာင္မွာ မဟုတ္ဘူး။ အ႐ူးျဖစ္ တာေပါ့။ 

အဲ့ဒီအလုပ္ေတြလုပ္ရင္-

အခ်က္အလက္ခိုင္လုံေအာင္ စုစည္းထားရမယ္။

ျဖစ္စဥ္ကို ဘက္ေပါင္းစုံက အျမင္ေတြပါရမယ္။

တည္ဆဲ ဥပေဒေတြနဲ႔ တိုက္ဆိုင္ေျပာရမယ္။

ျပည္သူေတြရဲ့ ထိခိုက္နစ္နာမွု ေျမျပင္အေျခအေနအမွန္ကို ေျပာျပနိုင္ရမယ္။

ဘာလုပ္ရင္ ပိုေကာင္းမယ္ဆိုတဲ့ အႀကံျပဳခ်က္ေတြပါရမယ္။

ျပည္သူအားလုံးရဲ့ အသံ (ဆႏၵ) နဲ႔ကိုက္ညီရမယ္။

အဲ့ဒါမလုပ္ရင္ဘာျဖစ္လဲ။ ဘာျဖစ္လဲဆိုေတာ့ လူေပါႀကီးျဖစ္တာေပါ့။

ေရွာင္ရမယ့္အခ်က္ေတြက-

တည္ဆဲဥပေဒကို လိုက္နာရမယ္။ မႀကိဳက္ရင္ျပင္။ မျပင္နိုင္ေသးရင္ ရွိတဲ့ဥပေဒကို လိုက္နာ။

လူတစ္ဦး လူတစ္စုရဲ့ အက်ိဳးစီးပြားကို ကိုယ္စားမျပဳရဘူး။

ဥပေဒနဲ႔မညီတဲ့ မခိုင္လုံတဲ့ အခ်က္ေတြကို လိုရာဆြဲၿပီး မရိုးမသား မေဖာ္ျပရဘူး။ 

ေရွာင္ရမယ့္အခ်က္ေတြ မေရွာင္ရင္။ ဘယ္သူ႔ ငါ့စကားႏြားရ ေျပာတဲ့သူျဖစ္တာေပါ့။ 

ဘာေျပာမွာလဲ…

အေၾကာင္းအရာ တစ္ခုကို ေရြးရမယ္။ ရဲလုပ္ငန္းကို ေဝဖန္။ တရားစီရင္ေရးကို အျပစ္ေျပာ။ အက်င့္ပ်က္ ျခစားမွုကို ေထာက္ျပ။ အစိုးရဝန္ထမ္းေတြကို တာဝန္မေက်ဘူးေျပာ။ ဒီလိုေလၽွာက္ေျပာရင္ ဘာျဖစ္ေစခ်င္လဲ။ ဘာလုပ္ေပးရမလဲဆိုတာ နားေထာင္တဲ့သူလဲ သိေတာ့မွာ မဟုတ္ဘူး။ တစ္ခုစီေျပာမွ တစ္ခုၿပီးတစ္ခု ေျဖရွင္းနိုင္ မွာေပါ့…..

ဘယ္သူ႔ေျပာမွာလဲ…

ဝန္ထမ္းတစ္ေယာက္- ဝန္ႀကီးတစ္ေယာက္က အရာအားလုံးကို “ျဖစ္ေစသတည္း” လို႔ ေျပာၿပီး ေျပလည္ ေအာင္ လုပ္မေပး နိုင္ဘူး။ သက္ဆိုင္တဲ့သူကို ေရြးၿပီးေျပာ။ တိုင္စာေရးၿပီး သူႀကီးေသနတ္လို ေတြ႕ရာအကုန္ပစ္။ ရွိသမၽွ ဌာနအကုန္ပို႔ရင္။ စာရြက္ဖိုး တံဆိပ္ေခါင္းဖိုး ကုန္တာေပါ့။  ေအာက္ေျခမွာ ေျပလည္နိုင္တာကို သမၼတ အထိ ေျပာေတာ့ အခ်ိန္ၾကာမယ္ အလုပ္ရွုပ္မယ္ အလြယ္တကူမျဖစ္ဘူးေပါ့။ 

ဘယ္ေတာ့ေျပာမွာလဲ… 

ဘယ္လိုေျပာမွာလဲ… ေတာ့ ဆက္လုပ္တတ္မယ္ထင္ပါတယ္…။

ဘယ္လိုပုံစံလုပ္မလဲ

စုဖြဲ႕လို႔ရရင္ ၿမိဳ႕နယ္အဆင့္မွတ္ပုံတင္ၿပီး တရားဝင္လုပ္လို႔ရပါတယ္.. မွတ္ပုံတင္တာကလဲ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ကို ေမးၾကည့္ရင္ရပါတယ္။ ေငြမကုန္ဘူး။

မွတ္ပုံမတင္ခ်င္လဲရတယ္။ ဥပေဒမွာပါတယ္.. မိမိဆႏၵအေလၽွာက္မွတ္ပုံတင္လိုက တင္နိုင္တယ္- မတင္လဲ ရတယ္။ 

အစုအဖြဲ႕ကို နာမည္ေပးထားလဲရတယ္.. “ၾကဳံတိုင္း ေက်းရြာ လူငယ္မ်ားအဖြဲ႕” “သူႀကီးဦးဖိုးစီႏွင့္ ရပ္မိရပ္ဖ မ်ားအဖြဲ႕” “မေသးမၽွင္ႏွင့္  အမ်ိဳးသမီးမ်ားအဖြဲ႕” ေဗဒင္ေမးစရာမလိုဘူးေလ။

အစိုးရကို ေစာင့္ၾကည့္တတ္မွာလား.. အခုက စၿပီး လုပ္လို႔ရၿပီ..။ မနက္ျဖန္ဆို ေနာက္က်မယ္။ 


@ ေအာင္ဘု

                                                                                                                 

 

 


No comments:

Post a Comment

Citizen Rights Action Group- CRAG

ကကြီး၊ ခခွေး .. နိုင်ငံရေး။

  ကကြီး၊ ခခွေး.. နိုင်ငံရေး    (ဇော်ဂျီ ဖြင့် ဆက်လက်ဖတ်ရှုနိုင်ပါသည်) (ရွာက ဘကြီးနဲ့ ကြီးတော် ကြီးများ အတွက်) ဒီမိုကရေစီအစိုးရကို ဘယ်လို...

လူ႔အခြင့္အေရးေၾကျခာစာတမ္း