နိုင်ငံတော်
အခန်း (၁) နိုင်ငံတော်
အခြေခံမူများ
၄၇။ ……. နိုင်ငံတော်ဆိုသည်မှာ ……ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ
ဥပဒေပြုမှုအခွင့်အာဏာကို သော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကို သော်လည်းကောင်း ကျင့်သုံးသော
အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်။
အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
၅၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို
ကိုယ်စားပြုသည်။
၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ၀ှမ်းလုံးတွင်
နိုင်ငံသားအားလုံး၏ အထွတ် အထိပ် နေရာ ရရှိသည်။
အာဏာ
၎။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ
ဆင်းသက်ပြီး နိုင်ငံတစ်ဝှမ်းလုံး၌ တည်သည်။
တိုင်းရင်းသား
၃၄၅။ အောက်ဖော်ပြပါ
အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်-
(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ
မွေးဖွားသူ၊
(ခ) ………………………………………………….
၅၉။ နိုင်ငံတော်သမ္မတနှင့်
ဒုတိယ်သမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) …………..
(ခ) မိမိနှင့်
မိမိ၏မိဘနှစ်ပါလုံး နိုင်ငံတော်အာဏာ ပိုင်နာက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ
ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
…………………………………..
၂၂။ နိုင်ငံတော်သည်-
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို
ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
(ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊
ချစ်ကြည်လေးစားရေးးနှင့် ရိုင်းပင်းကူညီရေးကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။
(ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏
ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး
တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်။
တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၅၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို အောက်ပါအတိုင်းသတ်မှတ်သည်-
(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့်
နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို
စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့်
ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
(ဃ) ရှမ်းပြည်နယ်ရှိ နန့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို
စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို
စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊
ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်မြို့နယ်နှင့် ပန်ဆန်းမြို့နယ် (ပန်းခမ်း)
မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုခွင့်
၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း
သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့တိုင်း သို့မဟုတ်
ဒေသအတွက် ဇယား (၃) တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ
ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့်အာဏာ များကို ခွဲဝေအပ်နှင်းသည်။
ဇယား (၃)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
(ပုဒ်မ ၁၉၆ ကိုရည်ညွှန်းသည်)
၁။ မြို့ပြနှင့်
ကျေးရွာစီမံကိန်းများ
၂။ လမ်းတံတားများ
ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၃။ ပြည်သူ့ကျန်းမာရေး
၎။ စည်ပင်သာယာရေးလုပ်ငန်း
၅။ မီးဘေး အန္တရာယ်
ကြိုတင်ကာကွယ်ရေး
၆။ စားကျက်မြေများထိန်းသိမ်းရေးလုပ်ငန်း
၇။ သစ်တောများကာကွယ်ထိန်းသိမ်းရေး
၈။ ပြည်ထောင်စုကပြဋ္ဌာန်းသည့်
ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
၉။ မြို့နှင့်ကျေးရွာများအတွင်း
ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ
၁၀။ မြို့များနှင့်ကျေးရွာများ၏
ဈေးများဆိုင်ရာကိစ္စ
နိုင်ငံသား
အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
၃၄၅။ အောက်ဖော်ပြပါအရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံ သားများဖြစ်ကြသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်ရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင်
ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့်
နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဋ္ဌာန်းသည့်အတိုင်းဖြစ်စေ ရမည်။
၁၂၀။ အောက်ပါအရည်အချင်းနှင့်ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့
လွှတ်တော်ကိုယ်စားလျယ်အဖြစ်ရွေးချယ် တင်မြှောက်ခံပိုင်ခွင့်ရှိသည်-
(က) အသက်
၂၅ နှစ်ပြည့်ပြီးသူ။
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ
မွေးဖွားသော နိုင်ငံသားဖြစ်သူ။
(ဂ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည့်
အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ။
ခြွင်းချက်။ ။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့တရားဝင်သွားရောက်သည့်
ကာလများကို လည်း နိုင်င့တော်တွင်အခြေချနေထိုင်သည့်ကာလအဖြစ်ထည့်သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည်စုံသူ။
၁၅၂။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည်-
(က) အသက် ၃၀ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
(ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော အရည်အချင်းများနှင့်ပြည့်စုံရမည်။
……………………………………
၃၄၅။ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည်စုံသူများသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်-
(က)
………………………
(ခ) ဤဖွဲ့စည်းပုံ
အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ
၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့်
နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။
၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညိမျှအခွင့်အရေးရရှိစေရမည်။
ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီစွာ
ရယူပိုင်ခွင့်ပေးရမည်။
၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုကွယ်ရာ ဘာသာ၊ ရာထူဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊
အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု ၍ ခွဲခြားမှုမရှိစေရ။
No comments:
Post a Comment